မောင်ဂုရု သရော်သည်။

November 27, 2009

Reasons to become a statistician

Filed under: statistician — gurugyi @ 10:01 am
Tags: , , , , , ,

၁။ သွေဖည်ခြင်းဆိုတာ ပုံမှန်ပဲလို့စဉ်းစားရင်
1) Deviation is considered normal

၂။ ကိုယ့်ကိုယ်ကို ပြည့်စုံတယ် လုံလောက်တယ် လို့ထင်တယ်။
2) We feel complete and sufficient

၃။ ပျမ်းမျှချစ်တတ်သူတွေ ပေါ့။
3) We are “mean” lover.

၎။ တစ်ဦးတည်း အဆက်မပြတ် လုပ်နေတယ်။
4) Statisticians do it discretely and continuously.

၅။ အမြဲတမ်း ၉၅ % တော့ မှန်နေတာပဲ။
5) We are right 95% of the time.

၆။ တစ်ယောက်ယောက် ရဲ့ နောက်ကွယ်က ဖြန့်ဝေတဲ့ ကိစ္စတွေကို တရားဝင် သုံးသပ်ပေးတယ်။
6) We can legally comment on someone’s posterior distribution.

၇။ ပုံမှန်တော့ မဟုတ်ဘူး။ ဒါပေမယ့် ပြောင်းလို့ရတယ်။
7) We may not be normal but we are transformable.

၈။ သေချာပါတယ်လို့ ဘယ်တော့ မှ ပြောစရာမလိုဘူး။
8) We never have to say we are certain.

၉။ ရိုးရိုးသားသားပြောရရင် သိသိသာသာကို ကွဲပြားတယ်။
9) We are honestly significantly different.

၁၀။ ဘယ်သူမှ ဒီအလုပ်ကို လာမလုဘူး။
10) No one want our jobs.

ဆီလျော်အောင် ဘာသာ ပြန်ထားခြင်းဖြစ်ပါတယ်။ တစ်ချို့ ဟာတွေက ဆိုလိုရင်းကို ငဲ့ ပြီးဘာသာပြန်တာ ဖြစ်တဲ့ အတွက် တကယ့် အဓိပ္ပါယ်နဲ့ တော့ မတူပါဘူး။ မှားတယ်ထင်လည်း ကိုယ့် ဟာကိုယ်သာ ပြန်လိုက်ပါ။ စာရင်းအင်းပညာရှင် တွေကတော့ သဘောကျပါတယ်။ အဖြစ်က အဲဒီလို ဖြစ်နေတာကိုး။
ွreference:
http://statistica.miur.it/ustat/People/Turchetti/tenreasons.htm

Advertisements

November 26, 2009

မကျေနပ်ရင်… လဲသေလိုက်

Filed under: Uncategorized — gurugyi @ 11:15 am

တိတ်တိတ်နေထောင်တန်ပါသည်။ ထောင်တန်သူက တိတ်တိတ်နေမှ ထောင်တန်ပါသည်။ ၂ ပြားတစ်ပဲ တန်သူ၏ တိတ်တိတ်နေခြင်းကား တစ်ပြားမှ တန်ဖိုးမရှိဟု… အများနှင့်မတူ စက်ဘီးတိုက်သေသော ပီမိုးနင်း ဆိုသော လူ့ဂွစာ ကြီးက ပြောဖူးသည်ဟုထင်ပါသည်။ ထို့ကြောင့် ကျွန်တော် အမြှုပ်တစ်စီစီ ထွက်မတတ်ပြောပါသည်။ ကိုမောင်လှဆိုသော ဘလော့ဂါ ကြီးလည်း ပြောသည်ဟုထင်ပါသည်။
ယောကျာင်္းသည် ရထားနှင့် တူပီး မိန်းမသည် ကမ္ဘာ့မြေပုံနှင့် တူသည်ဟု အိမ်သာ နံရံတွင် ချိတ်ထားသော စက္ကူစုတ်တစ်ရွက်တွင် ဖတ်ဖူးပါသည်။ ကျွန်တော့်ကိုယ် ကျွန်တော် ရထားလို မြင်ကြည့်သော အခါ နောက်တွဲသိပ်မများလှပါ။ တစ်ချို့ တော်တော်ကို ရှည်ပါသည်။ တော်တော်လေးကို ရှည်ကြောပါသည်။ တစ်ချို့မိန်းမများ (ဝါ)  ကမ္ဘာလုံးကြီးများသည် မျက်စိရှေ့တင် ဖေါင်းကားလာကြပြီး တစ်ချို့ပြန်ပိန်သွားကြပါသည်။ ဖေါင်းပိန်သည် မဟာစည်ဝိပဿနာရှုနည်းဖြစ်ပါသည်။

ချမ်းသာရင် ဂုဏ်ရှိတာပဲ (ဘိုလိုမှ ကြိုက်တဲ့သူတွေ မူရင်းလေးလဲ ခံစားနိုင်ရန် အတွက် “To get rich is glorious” ) လို့ တရုပ် နိုင်ငံခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က ပြောဖူးသလား မပြောဖူးဘူးလား သေချာ ပြန်ဖတ်ကြည့်လိုက်ပါဦးမည်။ ဗမာစကားပုံတစ်ခုကတော့ “ငွေရဖို့ ဘယ်သူသေသေ ငတေမာ ပြီးရော” ဆိုတာ လူ့လောက ကောင်းကျိုးမပေးတတ်ဟုဆိုသလား မသိပါ။ ကျွန်တော်ကိုယ် ကျွန်တော်တော့ ငတေ မဟုတ်တောင် ငပေ လောက်တော့ ရှိသည်ဟု သတ်မှတ်ထားပါသည်။ ကျွန်တော့်ထက်မက ငတေထက် ဆိုးသော အားလုံးသေရင် ကျန်တာယူမယ်ဆိုတဲ့ ငဆိုးပေတေကြီးများ လွန်စွာပေါသလား သေချာမသိပါ။ မောင်ရင် ငတေ မိုက်ကန်းသည်ဆိုသည်မှာ ခဏ ထွက်စို့လုပ် သွားသော ရိုက်စားလား လုပ်စားလား သေချာမသိသော ရုပ်ရှင်ဖြင့် ဒီဘက်ခေတ်တွင် ပြန်လည် အောင်မြင်မှု ရပီး နေရာ အပြည့် ယူထားသော ဦးကျော်ဟိန်း၏ အောင်မြင်သည်ဟုထင်ရသော ရုပ်ရှင်ဖြစ်မည်ဟုထင်ပါသည်။
အချိုမှုန့်အလွန်အကျွန်စားခြင်းသည်ရောဂါရစေနိုင် ပါသည်ဟု မြန်မာ့အသံတွင် တော်တော်ကြာကြာ ပညာပေးသည်လား ဝါဒဖြန့်သည်လား မသဲမကွဲတွေ့လိုက်ရပါသည်။ တရုပ်နို့မှုန့်သောက်ခြင်းသည်လည်း ရောဂါရစေနိုင်သည်ဟုထင်ပါသည်။  မြန်မာ့အသံတွင်တော့ တွေ့မတွေ့ မသေချာပါ။

မဆီမဆိုင် လက်ပံသားဓါးနှင့် ချိုင် တတ်သူသည် အနေအထိုင်မတတ်ဟု ပြောပါသည်။ ကျွန်တော်ကတော့ အနေအထိုင် လုံးဝမတတ်ပါ။ ဘိုးမင်းခေါင် ဆိုသော ဆရာကြီးသည်လည်း အနေအထိုင်မတတ်ပါ။ အောက်စလွတ်နေတတ်ပါသည်။

http://www.mysuboo.com မှာ တင်ခဲ့ တဲ့ ပို့စ်လေးပါ.. ပြန်လည်စုစည်းထားခြင်းဖြစ်ပါသည်။

November 25, 2009

မြန်မာမှုပြုမယ် လေလေ့…

Filed under: Uncategorized — gurugyi @ 1:51 pm

ခုတင်ပဲ သူငယ်ချင်းတစ်ယောက် က  http://myanmarbloggersociety.ning.com/forum/topics/blog-00 ဆိုတဲ့ နေရာကို သွားကြည့်ခိုင်းလို့ သွားကြည့်တာ မဆိုးဘူးဗျ.. ရယ် (ရီ) ရသား…

(ဆရာ (ကြီး)) ဒဂုံတာရာ က ART ဆိုတဲ့ စကားကို အနုပညာလို့ ပြန်လိုက်တဲ့ အခါမှာ အနုပညာဆိုတာ ကြီး နံမည်တွင် သွားတော့သကိုး။ (သူ့စကားနဲ့ ပြောကြည့်တာ) အဲဒီအခါမှာ မြန်မာ စာပေသမိုင်းမှာ မြန်မာမှုပြုချင်သူတွေ အတော်တော်များများ က မြောင်းထဲက ရေညှိလိုပဲ မစိုက်ပဲ ပေါက်လာလိုက်ကြတာ အိုး… တင်းကြမ်း…(သတ်ပုံ မှားရင် ခွင့်လွှတ်နော်..)

ဟိုက oxford dictionary မှာ စကားလုံး အသစ်ထပ်ထည့်တာ.. ဝိုင်းကဲ့ရဲ့ နေကြတာ… ဒီမှာ မြန်မာမှုပြုတာလေးနဲ့ အော်ဟစ်နေလိုက်ကြတာ.. ဟိုနားကျွတ်စီကျွတ်စီ.. ဒီနား ကျွတ်စီကျွတ်စီ … နားကို ညီးပီး မျက်စိကို ညောင်း နေတာပဲ…

ဘာလုပ်မလဲ… မြန်မာမှုမှာ အင်မတိအင်မတန် လှပတဲ့ စကားလုံး အရင်းအမြစ် တွေရှိတာပဲ ( ဖြတ်ပြောရဦးမယ်.. အရင်းအမြစ်ကို english မှု မပြုနဲ့နော်… resource မဟုတ်ဘူး… လျှောက်ပြု နေရင် နောက်လာ နောက်သားတွေ အမှတ်မှားကုန်ဦးမယ်…)

ကြည့်စမ်းဗျာ… ဓါတ် ဆိုတဲ့ စကားလုံးလေး… ဓါတ်ပုံတဲ့… လူတိုင်းသိတယ် ၂ မျိုးရှိမှန်း… လူပုံရယ်.. လူကကျတဲ့ အပုံရယ်… ဟော… ဓါတ်ရှင်တဲ့… (နောက်ကျတော့ ရုပ်ရှင်ပေါ့) … ဓါတ်ရောင်ခြည်တဲ့… ဓါတ်မီးတဲ့… ဓါတ်ပြားတဲ့… ဓါတ်လုံးတဲ့… ဓါတ်သားတဲ့… ဓါတ်ခဲတဲ့… လွယ်တယ်… ရင်းနှီးပြီးသား.. အာလည်း ထိတယ်… ဗမာလည်း ဆန်တယ်… သုံးပါလား.. ဓါတ်နဲ့ မတွဲရသေးတဲ့ စကားတွေ အများကြီး…

ဥပမာဗျာ….

ဓါတ် + မှတ်တမ်း = ဓါတ်တမ်း… (ကဗျာတောင် ဆန်သေး… မင်းဆီကို ကိုယ် ဓါတ်တမ်းလေး ပို့လိုက်တယ်… ဆိုပီး ကြူလို့လည်း ကောင်းတယ်.. ကဗျာ့ဓါတ်တမ်း တို့ ဘာတို့ ဆို မလှလား)

ဓါတ် + အင်တာနက် = ဓါတ်နက် ( ဟော.. ဒါလေးကျတော့… ဘယ်လောက် ထိသလဲ… နက်နက်ရှိုင်းရှိုင်း ကြည့်လို့ရတယ်… ဟေ့ တို့.. ဓါတ်နက်ဆိုင်သွားရအောင်… ကွာ… )

ဓါတ်+ သတင်း = ဓါတ်တင်း ( လာ ကောင်မရေ.. တို့ ဓါတ်တင်းပြောရအောင်)

ဓါတ် + motherboard = ဓါတ်ဘုတ် ( အကို ရေ.. ဓါတ်ဘုတ်လဲရမယ်… ဖွတ်ကလိနည်းနည်းနဲ့ လုပ်ပေးပါ့မယ်…)

ဓါတ် + software  = ဓါတ်ပျော့ (နာမ်) (တခါတည်း အဘိဓါန် ဝင် အောင် နောက် ဓါတ်ပျော့ (ကိ) နဲ့ မမှားရအောင်…

ဓါတ် + hardware = ဓါတ်မာ (နာမ်) ( အကို ရေ.. ဓါတ်မာ အရှင် များများဆန့်တာက ကုန်နေတယ်… နောက်လမှ ရောက်မယ်တဲ့.. )

ကဲဗျာ… ဘယ်လောက် ကောင်းလိုက်လဲ… လှလိုက်တဲ့ စကားလုံးလေးတွေ… နောက် ဂြိုဟ်… တို့… ရုပ် တို့.. တွဲလုံးလေးတွေ အများကြီး ကျန်ပါသေးတယ်… ဘာလည်း ဗျာ.. ရှည်ရှည်ဝေးဝေးတွေ….

Reference: (စာညွှန်း)

ဖတ်ဖူးတဲ့ စာတွေ…

ကြားဖူးတဲ့စကားတွေ….

http://myanmarbloggersociety.ning.com/forum/topics/blog-00

http://www.cracked.com/article_17408_15-words-you-wont-believe-they-added-dictionary.html

ကဲ… ဘယ်နေ့လို့ သတ်မှတ်ကြမလဲ…

Filed under: Uncategorized — gurugyi @ 1:04 pm

တစ်ခါတုန်းကပေါ့….

လူမှုရေးစည်းကမ်းတင်းကျပ်လှတဲ့ တိုင်းပြည်တစ်ပြည်က မိန်းမတစ်ယောက်ဟာ… ဈေး လယ်ကောင်မှာ အဝတ်မပါ (ဝါ) ဝတ်လစ်စလစ် (ဝါ) ကိုယ်လုံးတီး (ရှင်းလောက်ပါပြီနော်.. မရှင်းရင်ပြောပါ…)  မြင်းစီးပြသတဲ့.. ဘာကြောင့်စီးသလဲဆိုတာ သိချင်ရင်တော့ ဒီနေရာမှာ ဖတ်ကြည့်ဗျာ….

 

ဒါပေမယ့် ၁၁ ရာစုလောက် က မိန်းမတစ်ယောက်က အဆန်းထွင်ပြီး လုပ်ခဲ့တာကို ခု  ဒီမိန်းမကြီး နံမည်နဲ့ နေ့တစ်နေ့သတ်မှတ်ပြီး အဲဒီနေ့ရောက်တိုင်း အဲဒီမိန်းမကြီး လုပ်ခဲ့သလို လိုက်လုပ် နေကြလေရဲ့ဗျာ… မယုံရင် ဒီမှာကြည့်

ဟုတ်ပီနော်…. Think global လို့ပီးပီ…

မကြာသေးခင်တုန်းကပေါ့ဗျာ…

အင်တာနက်ဆိုတာကြီး နဲ့ ဟန်းဖုန်းဆိုတာကြီး ခေတ်စားလာတဲ့ ကာလ အဦးအစ လောက်မှာ.. တစ်ချို့တစ်ချို့သော… မိန်းကလေး.. မိန်းမလတ်… မိန်းမငယ်… မိန်းမရွယ်တွေ ရဲ့ အဝတ်မပါ (ဝါ) ဝတ်လစ်စလစ် (ဝါ) ကိုယ်လုံးတီး (ရှင်းလောက်ပါပြီနော်.. မရှင်းရင်ပြောပါ…) ပြသူအားမရ… ကြည့်သူမဝ ပုံတွေ အစဉ်လိုက် ပေါ်လာလိုက်တာ… link ပေးရင် blog ကိုယ်တာ ပြည့်လောက်တယ်..

နောက်ဆိုရင် … ငါက အားလုံးရဲ့ အဦးအစလို့များ.. hip-hop သမားတွေလို.. generation ခွဲကြဦးမှာလား… ဟို ၁၁ ရာစု က သိုးဆောင်းမကြီးလို … နေ့တွေ ဘာတွေ သတ်မှတ်ကြဦးမှာလား… အဲလိုဆိုရင်လည်း ပြောနော်…

November 24, 2009

သောက်ချီး…

တစ်မြန်နေ့က.. လူနာတစ်ယောက် သွားကြည့်ဖြစ်တယ်.. လူနာက ၉၄ နှစ် အဖွားကြီး… သားလုပ်သူက ပြုစုချင်လို့ဆိုပြီး ရန်ကုန်ခေါ်ထားတာ… အဘွားကြီးက တောက တောင်သူ… ရန်ကုန်မှာ မပျော်ဘူး.. ကြာလာတော့ … စိတ်ရောဂါရပြီး… စုန်းပဲ ပြုစားသလိုလို… ပယောဂပဲ ကပ်သလိုလို… ဖုတ်ပဲ ဝင်သလိုလိုနဲ့… တစ်ချိန်လုံး အနားမှာ ရှိတဲ့သူတွေကို ဆဲဆိုအော်ဟစ် နေတော့.. သားလုပ်သူက လာကြည့်ပေးပါဆိုလို့ သွားကြည့်တာ … လူပြုစားတယ်ထင်မယ်ဆိုလည်း ထင်စရာပဲ… ၉၄ နှစ် သာဆိုတယ်.. သန်လိုက်တာ.. လူကြီး ၃ ယောက် ချုပ်ထားတာ မနိုင်ဘူး။ လက်လွတ်ရင် လက်နဲ့ ကုတ်တယ်.. ခြေထောက်လွတ်ရင် ခြေထောက် နဲ့ ကန်တယ်… မရရင် ခေါင်းနဲ့တိုက်တယ်… ခေါင်းပါဖိထားတော့ … တံတွေးနဲ့ ထွေးတယ်…

သူတံတွေးထွေးတာက တွတ်ပီလိုပဲ… တည့်တည့် ထွေးတာ မထိဘူး… လွဲသွားတယ်။ လွဲမှာပေါ့.. သွား တစ်ချောင်းမှ မှ မရှိတာ… ရှေ့တည့်တည့် မထွက်ဘူး။ ဘေးနှစ်ဖက်ကို ပန်းထွက်တော့ တည့်တည့် ထိုင်နေတဲ့ ပယောဂ ဆြာဂုကို နည်းနည်းမှ မထိ..ထိန်းပေးတဲ့ သူက .. အားနာလို့ ခေါင်းကို ဆွဲလှည့်တော့မှ.. ဘေးစောင်းထွေးသလို ဖြစ်ပြီး.. မျက်နှာတည့်တည့် လာစဉ်တော့တယ်…။

အဲဒါနဲ့ ပယောဂ သမားစဉ်လေးတွေ အတိုင်း အိပ်မွေ့ချလိုက်တော့မှ ဘွားတော်လည်း အိပ်မောကျ.. အထက်ဆရာများ ပင့်ဖိတ်လို့ .. ရေမန်းတွေ ဆေးမန်းတွေ သွင်းပေးနဲ့… အဆင်ပြေတော့တယ်။

ပြောချင်တာက အဖွားကြီးရဲ့ အဆဲလေးကိုပါ…

တူလုပ်သူ။   ။ အဖွား… ဆရာလာတယ်။

အဖွားကြီး။   ။ ဘာဆရာလည်း.. ငါ့အမေ..ငါ့အဖေ.. အိမ်ဆောက်ပေးထားတာ.. ငါ့အိမ်မှာ.. သောက်ချီး…

မြေးလုပ်သူ။    ။ အဖွား.. ကို ဆေးထိုးပေးမလို့…

အဖွားကြီး။   ။ သောက်ချီး စားမလား.. ငါ့မှာ ၃-၄ တုံးလောက် ရှိတယ်။ ဘာဆေးမှ မထိုးနဲ့… နင်တို့ကို သောက်ချီး ပဲ ကျွေးမယ်..။ ခုတော့ သောက်ဆံတစ်ပြားမှ မရှိဘူး။ သောက်ချီးဝယ်ပေးလိုက်ချင်သေး..။

သားလုပ်သူ။   ။ အမေ.. ကောင်းကောင်း ပြောပါဗျာ…

အဖွားကြီး။   ။ နင်ဘယ်သူလဲ.. သောက်ချီးကောင်…။

ဆြာဂု။    ။ ကဲ.. အမေ.. ခဏလေးနော်… (ဘေးလှည့်ပီး .) ထိန်းထားပေး..

အဖွားကြီး။     ။ ဟဲ့ … သောက်ချီး ယူပီး ပြန်…(အိပ်မွေ့ချလိုက်တော့ အိပ်ပျော်သွားရော.. ထိန်းပေးတဲ့ သူတွေလည်း အလျှိုလျှို ထွက်သွားကြပါလေရော…)

အဲဒီနေ့က အဖွားကြီး အိပ်ပျော်သွားတော့ လုပ်စရာ ရှိတာ လုပ်ပီး.. ပြန်မယ်လုပ်တော့ သားလုပ်သူက အလုပ်သွား.. တူလုပ်သူက ဘယ်ရောက်မှန်းမသိ… မြေးလုပ်သူက အတွင်းခန်းထဲက မထွက်နဲ့… ပယောဂဆြာဂု တစ်ယောက်… သောက်ချီး ၃-၄ တုံးရှိတဲ့ အိပ်ပျော်နေတဲ့ အဖွားကြီး.. နောက် ဆုံးစကား သောက်ချီးယူပီး ပြန်လာခဲ့ရပါလေရောလား…

 

November 23, 2009

ချီးထုပ်

Filed under: Uncategorized — gurugyi @ 7:00 am

အချစ်နှင့် စစ် သည် မတရားပါ။ မူရင်းကတော့ အချစ်နှင့် စစ်တွင် တရားသည် မရှိဟု ဆိုပါသည်။ လူတိုင်း အချစ်နှင့် မကင်း ဟု ဆိုသော သူများလည်း ရှိတတ်ပါသည်။ ထို့ကြောင့် တြိယုတ္တိဗေဒအရ လူတိုင်းမတရားပါ။ မတရားသော လူများသည် တရားမျှတမှုအကြောင်း လွန်စွာ ပြောတတ်ပါသည်။ တရားမျှတမှုကို မြတ်နိုးကြသည်။ အဘယ်အချိန်တွင် ပြောတတ်သနည်း ဆိုပါလျှင် မိမိအကျိုးစီးပွားကို တိုက်ရိုက် ထိပါးလာမည့် အချိန်တွင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့် ကို ထိခိုက်လာနိုင်သော အခြေအနေ နှင့် မကြုံခင်ထိ ကျွန်တော် မတရားပါ။

ကဗျာဆရာ ရှယ်လီကို ကျောင်းမှ ထုတ်ပစ်လိုက်သော်လည်း နောက် နှစ်ပေါင်း ၂၀ ကျော် ကြာသည့်အခါ ထိုကျောင်းတွင် သူ၏ ရုပ်တုကို ထုလုပ်ပြသထားပါသည်။ တစ်ချိန်သောအခါတွင် ကျွန်တော် ရေးခဲ့သော ဘလော့များကို စုဗူး တွင် featured posts of guru ဆိုပီး  ပြချင်လည်းပြလိမ့်မည်။ မပြချင်လည်းပြမည် မဟုတ်ပါ။ ခုတော့ ကျွန်တော့်ကို ထုတ်မပစ်သေးပါ။
စိတ်ကူးကောင်းများစွာသည် လောက ကို ထုဆစ်သည်ဟု တစ်နေရာရာတွင် တစ်ယောက်ယောက်ရေးထား သည်ကို ဖတ်ဖူးသည်ဟု ထင်ပါသည်။ စိတ်ကူးကောင်း ရှိသူများ မြန်မာပြည်တွင် များစွာရှိပါသည်။ တစ်ချို့ က ကွန်ဒုံးပေါ်တွင် “ငါ့ကို သုံးပါ ဘေးကင်းကွာ” ဟု စာရေးထားရန် စိတ်ကူးပါသည်။ အနည်းငယ် ဂွကျသည်က လွဲပီး စိတ်ကူးကောင်းပါသည်။ တစ်ချို့က “ကြွက်ရောင်းရန်ရှိသည်” ဆိုသော စာသားကဲ့သို့ “ခြင်ရောင်းရန်ရှိသည်” ဟု စာရေး ထားခြင်းဖြင့် ခြင်မရှိအောင်လုပ်ရန် စိတ်ကူးပါသည်။ တစ်ချို့ က ဓါတ်လုံးခေတ်မှ ဓါတ်ပြားဖြစ်လာပီ တော်တော်လေးကြာရင် ဓါတ်ချောင်းတွေ ခေတ်ဖြစ်လာတော့ မည်။ ဓါတ်ချောင်း ကို ကြိုတင် ကြံစည်ထားရင် ကောင်းမည် ဟု စိတ်ကူးကြပါသည်။ ကောင်းကြပါသည်။ စိတ်ကူးကောင်းများသည် လောကကို ဖန်တီး၏။
ဓါးသွားထက် ကလောင်သွားထက်၏ ဟု ပညာရှိတစ်ပါးက ပလွတ်ပလွတ် လုပ်သွားပါသည်။ ကျွန်တော်တော့ ကလောင်တစ်ခါမှ မရှဘူးပါ။ ဓါးတော့ ခဏခဏ ရှပါသည်။ ကျွန်တော့်အတွက်တော့ ကလောင်သွားထက် ဓါးသွားထက်ပါသည်။ ဗမာပြည်တွင် ကလောင် မသုံးတော့ပါ။
ဆေးလိပ်ကုမ္ပဏီကြောင့် ယောကျာင်္းဖြစ်သူ အဆုပ်ကင်ဆာဖြစ်ရသည့် အတွက်  ကုမ္ပဏီအား ကျန်ရစ်သူ မိန်းမမှ တရားစွဲ ပီး လျော်ကြေးတောင်းသော ဖြစ်ရပ် အမေရိကန်တွင် နားစွန်နားဖျား ကြားဖူးသည်ဟုထင်ပါသည်။ ကျွန်တော် လည်း ဒေါ်ဘုမရောင်းသော လက်သုပ်များစားပီး ဝမ်းသွားပါသည်။ ဒေါ်ဘုမကို တရားစွဲရပါအံ့။ ဒေါ်ဘုမ အမေရိကန်ကို ကြွခဲ့ပါ။
http://www.mysuboo.com မှာ တင်ခဲ့ တဲ့ ပို့စ်လေးပါ.. ပြန်လည်စုစည်းထားခြင်းဖြစ်ပါသည်။

ဖြတ်စာ

Filed under: satire — gurugyi @ 5:50 am
Tags: , , , ,

သို့

ဟဲ့.. ဒီမှာ.. ဒါမှီ… နယ်ပြန် ပြီး နံပြေ ဘုရားမှာ ထမင်းနယ် နဲ့ နင့်နံမည် သဓ္ဒါမှီ လို့ ပြောင်းတာကို ငါ ဒါမှီလို့ ခေါ်သည်။ အလံကုန်ထူထားတဲ့ နင်တို့လို လူကုံထံတွေရဲ့ မာနကို ငါ ခဝါ မချနိုင်ပါဘူး။ ဒါပေမယ့် နင်တို့လို လူယဉ်ကျေးတွေရဲ့ လေးကြောင်းမျဉ်းမှာ လောင်းကြေးက လင်ယူကြေးများ ဖြစ်နေသလားဟာ။

ငါကျပ် နေတာမဟုတ်ဘူး။ မကျေနပ်နေတာ။ အိတ်ကျန်ခဲ့လို့ အံကြိတ်နေတာမဟုတ်ဘူး။ အသာနည်းလို့ အသဲနာနေတာလည်း မဟုတ်ဘူး။ နင် က အကျဖက်ကဆိုတော့ ကြက်ဖလို ပြောရရင် ” မင်း ရှိုးချင်သလိုရှိုး.. ပီးရင် သုတ်တော့ ဒိုး ” လို့ ပြောလိုက်ယုံပေါ့။ ဒါပေမယ့် နင့်ကို သုတ်တော့ ဒိုးခိုင်းတော့ ငါ့မှာလည်း သိုးတော့ … အဲ.. လူပျိုသိုး ဖြစ်ကျန်ခဲ့တာပေါ့လေ။

နင် မမိုက်ဘူး။ မမူးဗိုက်ကြီးတာ ရည်းစားကို ယားတိုင်းစီးလို့ဆိုတာ နင်သိရဲ့သားနဲ့ဟာ။ နင် အသည်းစားဘီလူးမ။ အသားပဲ ဆွဲတတ်တဲ့ ဗလမူးတုန်းက နင်ဘာလို့သူ့အိမ်သွားလည်း။ အဲတော့ သူက နင့်ကို သူ့ရည်းစားဆိုပီး… ဆိုပီး… ထားလိုက်ပါတော့။

နင်အပိုင်ခုထင်ပီး ဖင်ခုထိုင်ထားတာတွေက တစ်ချိန်ကြရင်တော့ လက်လွှတ်လိုက်ရလိမ့်မယ်။ အဲဒီတော့မှ နတောင်းဟောက်ပက်နဲ့ နောင်တရမနေနဲ့။ နင်နဲ့ငါနဲ့ကတော့ ပြတ်ပြီ။

စာကြွင်း။   ။ ဖေါင့်သည်းခံဖတ်ပါ။

နင့်ရဲ့ တစ်ချိန်က

စုံထောက်

(မောင်မောင် ဇော်လတ်၏ သင်္ကြန်သီချင်းတစ်ပုဒ်ကို မှီငြမ်းသည်။)

Sharing eBooks in Myanmar Language

Filed under: Uncategorized — gurugyi @ 5:36 am
Tags:

တစ်ခါတုန်းကပေါ့….

http://gurugyi.multiply.com