မောင်ဂုရု သရော်သည်။

November 23, 2009

ချီးထုပ်

Filed under: Uncategorized — gurugyi @ 7:00 am

အချစ်နှင့် စစ် သည် မတရားပါ။ မူရင်းကတော့ အချစ်နှင့် စစ်တွင် တရားသည် မရှိဟု ဆိုပါသည်။ လူတိုင်း အချစ်နှင့် မကင်း ဟု ဆိုသော သူများလည်း ရှိတတ်ပါသည်။ ထို့ကြောင့် တြိယုတ္တိဗေဒအရ လူတိုင်းမတရားပါ။ မတရားသော လူများသည် တရားမျှတမှုအကြောင်း လွန်စွာ ပြောတတ်ပါသည်။ တရားမျှတမှုကို မြတ်နိုးကြသည်။ အဘယ်အချိန်တွင် ပြောတတ်သနည်း ဆိုပါလျှင် မိမိအကျိုးစီးပွားကို တိုက်ရိုက် ထိပါးလာမည့် အချိန်တွင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့် ကို ထိခိုက်လာနိုင်သော အခြေအနေ နှင့် မကြုံခင်ထိ ကျွန်တော် မတရားပါ။

ကဗျာဆရာ ရှယ်လီကို ကျောင်းမှ ထုတ်ပစ်လိုက်သော်လည်း နောက် နှစ်ပေါင်း ၂၀ ကျော် ကြာသည့်အခါ ထိုကျောင်းတွင် သူ၏ ရုပ်တုကို ထုလုပ်ပြသထားပါသည်။ တစ်ချိန်သောအခါတွင် ကျွန်တော် ရေးခဲ့သော ဘလော့များကို စုဗူး တွင် featured posts of guru ဆိုပီး  ပြချင်လည်းပြလိမ့်မည်။ မပြချင်လည်းပြမည် မဟုတ်ပါ။ ခုတော့ ကျွန်တော့်ကို ထုတ်မပစ်သေးပါ။
စိတ်ကူးကောင်းများစွာသည် လောက ကို ထုဆစ်သည်ဟု တစ်နေရာရာတွင် တစ်ယောက်ယောက်ရေးထား သည်ကို ဖတ်ဖူးသည်ဟု ထင်ပါသည်။ စိတ်ကူးကောင်း ရှိသူများ မြန်မာပြည်တွင် များစွာရှိပါသည်။ တစ်ချို့ က ကွန်ဒုံးပေါ်တွင် “ငါ့ကို သုံးပါ ဘေးကင်းကွာ” ဟု စာရေးထားရန် စိတ်ကူးပါသည်။ အနည်းငယ် ဂွကျသည်က လွဲပီး စိတ်ကူးကောင်းပါသည်။ တစ်ချို့က “ကြွက်ရောင်းရန်ရှိသည်” ဆိုသော စာသားကဲ့သို့ “ခြင်ရောင်းရန်ရှိသည်” ဟု စာရေး ထားခြင်းဖြင့် ခြင်မရှိအောင်လုပ်ရန် စိတ်ကူးပါသည်။ တစ်ချို့ က ဓါတ်လုံးခေတ်မှ ဓါတ်ပြားဖြစ်လာပီ တော်တော်လေးကြာရင် ဓါတ်ချောင်းတွေ ခေတ်ဖြစ်လာတော့ မည်။ ဓါတ်ချောင်း ကို ကြိုတင် ကြံစည်ထားရင် ကောင်းမည် ဟု စိတ်ကူးကြပါသည်။ ကောင်းကြပါသည်။ စိတ်ကူးကောင်းများသည် လောကကို ဖန်တီး၏။
ဓါးသွားထက် ကလောင်သွားထက်၏ ဟု ပညာရှိတစ်ပါးက ပလွတ်ပလွတ် လုပ်သွားပါသည်။ ကျွန်တော်တော့ ကလောင်တစ်ခါမှ မရှဘူးပါ။ ဓါးတော့ ခဏခဏ ရှပါသည်။ ကျွန်တော့်အတွက်တော့ ကလောင်သွားထက် ဓါးသွားထက်ပါသည်။ ဗမာပြည်တွင် ကလောင် မသုံးတော့ပါ။
ဆေးလိပ်ကုမ္ပဏီကြောင့် ယောကျာင်္းဖြစ်သူ အဆုပ်ကင်ဆာဖြစ်ရသည့် အတွက်  ကုမ္ပဏီအား ကျန်ရစ်သူ မိန်းမမှ တရားစွဲ ပီး လျော်ကြေးတောင်းသော ဖြစ်ရပ် အမေရိကန်တွင် နားစွန်နားဖျား ကြားဖူးသည်ဟုထင်ပါသည်။ ကျွန်တော် လည်း ဒေါ်ဘုမရောင်းသော လက်သုပ်များစားပီး ဝမ်းသွားပါသည်။ ဒေါ်ဘုမကို တရားစွဲရပါအံ့။ ဒေါ်ဘုမ အမေရိကန်ကို ကြွခဲ့ပါ။
http://www.mysuboo.com မှာ တင်ခဲ့ တဲ့ ပို့စ်လေးပါ.. ပြန်လည်စုစည်းထားခြင်းဖြစ်ပါသည်။
Advertisements

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: