မောင်ဂုရု သရော်သည်။

November 25, 2009

မြန်မာမှုပြုမယ် လေလေ့…

Filed under: Uncategorized — gurugyi @ 1:51 pm

ခုတင်ပဲ သူငယ်ချင်းတစ်ယောက် က  http://myanmarbloggersociety.ning.com/forum/topics/blog-00 ဆိုတဲ့ နေရာကို သွားကြည့်ခိုင်းလို့ သွားကြည့်တာ မဆိုးဘူးဗျ.. ရယ် (ရီ) ရသား…

(ဆရာ (ကြီး)) ဒဂုံတာရာ က ART ဆိုတဲ့ စကားကို အနုပညာလို့ ပြန်လိုက်တဲ့ အခါမှာ အနုပညာဆိုတာ ကြီး နံမည်တွင် သွားတော့သကိုး။ (သူ့စကားနဲ့ ပြောကြည့်တာ) အဲဒီအခါမှာ မြန်မာ စာပေသမိုင်းမှာ မြန်မာမှုပြုချင်သူတွေ အတော်တော်များများ က မြောင်းထဲက ရေညှိလိုပဲ မစိုက်ပဲ ပေါက်လာလိုက်ကြတာ အိုး… တင်းကြမ်း…(သတ်ပုံ မှားရင် ခွင့်လွှတ်နော်..)

ဟိုက oxford dictionary မှာ စကားလုံး အသစ်ထပ်ထည့်တာ.. ဝိုင်းကဲ့ရဲ့ နေကြတာ… ဒီမှာ မြန်မာမှုပြုတာလေးနဲ့ အော်ဟစ်နေလိုက်ကြတာ.. ဟိုနားကျွတ်စီကျွတ်စီ.. ဒီနား ကျွတ်စီကျွတ်စီ … နားကို ညီးပီး မျက်စိကို ညောင်း နေတာပဲ…

ဘာလုပ်မလဲ… မြန်မာမှုမှာ အင်မတိအင်မတန် လှပတဲ့ စကားလုံး အရင်းအမြစ် တွေရှိတာပဲ ( ဖြတ်ပြောရဦးမယ်.. အရင်းအမြစ်ကို english မှု မပြုနဲ့နော်… resource မဟုတ်ဘူး… လျှောက်ပြု နေရင် နောက်လာ နောက်သားတွေ အမှတ်မှားကုန်ဦးမယ်…)

ကြည့်စမ်းဗျာ… ဓါတ် ဆိုတဲ့ စကားလုံးလေး… ဓါတ်ပုံတဲ့… လူတိုင်းသိတယ် ၂ မျိုးရှိမှန်း… လူပုံရယ်.. လူကကျတဲ့ အပုံရယ်… ဟော… ဓါတ်ရှင်တဲ့… (နောက်ကျတော့ ရုပ်ရှင်ပေါ့) … ဓါတ်ရောင်ခြည်တဲ့… ဓါတ်မီးတဲ့… ဓါတ်ပြားတဲ့… ဓါတ်လုံးတဲ့… ဓါတ်သားတဲ့… ဓါတ်ခဲတဲ့… လွယ်တယ်… ရင်းနှီးပြီးသား.. အာလည်း ထိတယ်… ဗမာလည်း ဆန်တယ်… သုံးပါလား.. ဓါတ်နဲ့ မတွဲရသေးတဲ့ စကားတွေ အများကြီး…

ဥပမာဗျာ….

ဓါတ် + မှတ်တမ်း = ဓါတ်တမ်း… (ကဗျာတောင် ဆန်သေး… မင်းဆီကို ကိုယ် ဓါတ်တမ်းလေး ပို့လိုက်တယ်… ဆိုပီး ကြူလို့လည်း ကောင်းတယ်.. ကဗျာ့ဓါတ်တမ်း တို့ ဘာတို့ ဆို မလှလား)

ဓါတ် + အင်တာနက် = ဓါတ်နက် ( ဟော.. ဒါလေးကျတော့… ဘယ်လောက် ထိသလဲ… နက်နက်ရှိုင်းရှိုင်း ကြည့်လို့ရတယ်… ဟေ့ တို့.. ဓါတ်နက်ဆိုင်သွားရအောင်… ကွာ… )

ဓါတ်+ သတင်း = ဓါတ်တင်း ( လာ ကောင်မရေ.. တို့ ဓါတ်တင်းပြောရအောင်)

ဓါတ် + motherboard = ဓါတ်ဘုတ် ( အကို ရေ.. ဓါတ်ဘုတ်လဲရမယ်… ဖွတ်ကလိနည်းနည်းနဲ့ လုပ်ပေးပါ့မယ်…)

ဓါတ် + software  = ဓါတ်ပျော့ (နာမ်) (တခါတည်း အဘိဓါန် ဝင် အောင် နောက် ဓါတ်ပျော့ (ကိ) နဲ့ မမှားရအောင်…

ဓါတ် + hardware = ဓါတ်မာ (နာမ်) ( အကို ရေ.. ဓါတ်မာ အရှင် များများဆန့်တာက ကုန်နေတယ်… နောက်လမှ ရောက်မယ်တဲ့.. )

ကဲဗျာ… ဘယ်လောက် ကောင်းလိုက်လဲ… လှလိုက်တဲ့ စကားလုံးလေးတွေ… နောက် ဂြိုဟ်… တို့… ရုပ် တို့.. တွဲလုံးလေးတွေ အများကြီး ကျန်ပါသေးတယ်… ဘာလည်း ဗျာ.. ရှည်ရှည်ဝေးဝေးတွေ….

Reference: (စာညွှန်း)

ဖတ်ဖူးတဲ့ စာတွေ…

ကြားဖူးတဲ့စကားတွေ….

http://myanmarbloggersociety.ning.com/forum/topics/blog-00

http://www.cracked.com/article_17408_15-words-you-wont-believe-they-added-dictionary.html

Advertisements

4 Comments »

  1. ကောင်းလှပါပေါ့…ကိုဓာတ်ကြောင်ရယ်..။

    Comment by drhtutminhan — November 25, 2009 @ 2:06 pm | Reply

  2. ဒွတ်ခ.. ဒွတ်ခ။

    Comment by maw — November 25, 2009 @ 2:11 pm | Reply

  3. ဓာတ်လေတယ်ဗျာ တကယ်… တကယ်.. ။

    Comment by maw — November 25, 2009 @ 2:12 pm | Reply

  4. ကာရာအိုကေကို… ကွယ်ရာအိုကေလို့ ဘာသာပြန်ရင် မကောင်းဘူးလား… နည်းနည်းပို နီးစပ်လာသလိုပဲ..

    Comment by gurugyi — November 25, 2009 @ 2:28 pm | Reply


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: