မောင်ဂုရု သရော်သည်။

December 5, 2009

`ယ´ ပက်လက် နဲ့ `ရွှေ´

Filed under: Uncategorized — gurugyi @ 12:22 pm

တစ်မြန်နေ့ကမှ king naresuan ဆိုတဲ့ ရုပ်ရှင်ကို မောင်ဂုရု ကြည့်မိတယ်။ သမိုင်းဖြစ်ရပ်မှန် အကြောင်းကို သမိုင်းကြောင်းတွေနဲ့ တိုက်ဆိုင်ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားလို့ ပဲ မြင်ပါတယ်။ ဒါနဲ့ ဓါတ်နက်ပေါ်တက်လို့ ဘာတွေများ ရှိပါလိမ့်မလဲ လိုက်ရှာလိုက်တော့ တွေ့ပါလေရော။
`ယ´ မင်းဆက်တွေအကြောင်း ဒီနေရာမှာ တွေ့ပါလေရော။ ဘယ်မင်းကများ king naresuan ပါလိမ့်ဆိုပီး ရှာတော့ ဒီနေရာမှာ လာတွေ့တယ်။ ဒါနဲ့ သူ့မှတ်တမ်းတွေက မှန်လား မှားလား မသိတော့ မောင်ဂုရုရဲ့ ဘုတ်အုတ်ကြီး ထုတ်လို့ တိုက်ဆိုင် ညှိနှိုင်းရတာပေါ့။ ဒီတော့မှ ဒီ `ယ´ ဘုရင် ကို မြန်မာရာဇ၀င်ကြီးမှာ နရဲစွမ်း လို့ငယ်ငယ်က ခေါ်တယ်။ ဘုရင်ဖြစ်လာတော့ ဗြနရာဇ် (ပရာနရက်) လို့ခေါ်ကြောင်းတွေ့တော့တယ်။ ဒီဘုရင် နရဲစွမ်းက ဆူခိုထိုင်း မင်းဆက်ရဲ့ ဒုတိယမြောက် မင်းဆက်ပေါ့။ သူ့အရင် မင်းဆက်က ဗြဟာ ဓမရာဇာ (စော်ဘွားဘောင်ကျည်) (Maha dhammaracha thirat (1569-1590)) ဖြစ်နေတယ်။ ဒီဘုရင် က ဘုရင့်နောင် မင်းတရားကြီး လက်ထက်က ဒုတိယ `ယ´ `ရွှေ´ စစ်ပွဲအပြီးမှာ ဘုရင့်နောင် မင်းတရားကြီး တင်မြှောက်ခဲ့ တဲ့ မင်းပါ။ နရဲစွမ်းရဲ့ အဖေပေါ့။ အဲဒီ ရှေ့ကို ကြည့်လိုက်တော့ သုပဏ္ဏက မင်းဆက် (Suphannaphum dynasty) ရဲ့ နောက်ဆုံး မင်းဆက် ၂ပါးမှာ မဟာ ချက်ကရာဖက် (ဗြသာဓိရာဇာ) ကို ဘုရင့်နောင် မင်းတရားကြီး က အနိုင်တိုက်ပြီး ဟံသာဝတီ ကိုခေါ်ကာ ရဟန်းဝတ်ခိုင်းထားတာကို မြန်မာရာဇ၀င်မှာ တွေ့ရပါတယ်။ ပီးတော့ သူ့ရဲ့သား ဗြမဟိန်ကို မင်းမြှောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမင်းအကြောင်း `ယ´ wiki မှာ မပါတော့ပါဘူး။ မဟာချက်ကရာဖတ် (ဗြသာဓိရာဇာ) လက်ထက် က မြန်မာနဲ့ စစ်ဖြစ်တာတွေကိုတော့ မြန်မာရာဇ၀င်နဲ့ ညှိနှိုင်းလို့ ရေးထားတာကို ဒီနေရာမှာ တွေ့ရပါတယ်။
မောင်ဂုရုပြောချင်တာက မောင်ဂုရုတို့ ငယ်ငယ်က သမိုင်းမှာ `ယ´ နဲ့ စစ်ဖြစ်တာတွေကို အရိပ်အမြွက်လောက်ပဲ သင်ခဲ့ရပါတယ်။ ၃ တန်း နှစ်လောက် ကနေပီးတော့ ၈ တန်း နှစ် ထိ သမိုင်းကို မြန်မာ့ သမိုင်း၊ ကမာ့ သမိုင်း ဆိုပြီး ခွဲသင်ခဲ့တာတောင်မှ နရဲစွမ်းဆိုတာ ဘုရင့်နောင် စစ်ပညာသင်ပေးလိုက်တဲ့ ဟံသာဝတီ လက်ထွက် မှန်း မသိပါဘူး။ `ယ´ နဲ့ သမိုင်းစဉ်တစ်လျှောက် ဘယ်နှစ်ကြိမ် စစ်ဖြစ်မှန်း အရှင်းကို မသိတာပါ။
ခုတောင် တော်တော်ရှာဖတ်ပါမှ… ပုဂံခေတ်ထဲက ထောင်ထားလိုက် တိုက်လိုက် နဲ့ ဖြစ်နေလိုက်တဲ့ စစ်ပွဲတွေ … သွား သိမ်းလိုက်တဲ့ ဘုရင့် ဆွေတော်မျိုးတော်တွေ.. ပင်းယခေတ်နဲ့ အနှစ် ၄၀ ကြာတဲ့ မွန်မြန်မာ ပြည်တွင်းစစ် ခေတ် တွေက လွဲရင် ကျန်တဲ့ ခေတ်တွေ မှာ ကုန်းဘောင် ခေတ် ဆို ဆင်ဖြူရှင် မင်း လက်ထက် ရောက်တဲ့ အထိ ပဲ ဆိုပါတော့။
ဆိုချင်တာကတော့ ဒီအကြောင်းတွေ မောင်ဂုရုတို့ ဂျူနီယာတွေ မသိပေမယ့်လို့ `ယ´ တွေကတော့ မြန်မာ နယ်ချဲ့ တွေ ဆိုပြီး ခုထိ သွင်းထားတုန်းပါပဲ။
ဒါကြောင့်များပဲ။ မြန်မာမတွေ `ယ´ သွားပီး အတိတ်က အကြွေး တွေ ပြန်ဆပ်နေကြတာလား။ ဒါမှ မဟုတ် အသုံးကို မကျတာလား မစဉ်းစားတတ်ပါဘူး။ သေချာတာတစ်ခုကတော့ ကိုယ်က မေ့ပေမယ့် ဟိုက မမေ့ဘူး။ တွင်းထဲ ဆွဲသွင်းတယ်။ နရဲစွမ်းအကြောင်းရေးထားတဲ့ အထဲမှာ ရှမ်းပြည်တောင် သူတို့နဲ့ အမျိုးလိုလို ရှမ်းကို ကယ်ရင်း နရဲစွမ်း သေရသလိုလို သမိုင်းထဲ က ကျေးဇူးရှင်ကြီး လုပ်ထားသေး။
မောင်ဂုရုတို့လည်း သမိုင်းထဲမှာ ကျေးဇူးရှင်တွေကို ကျေးဇူးမတင်တောင် ကျေးမစွပ်မိအောင် သတိထားနေကြရအောင်လားဗျာ…။
Reference:
မြန်မာရာဇ၀င်တော်ကြီး (ပ၊ဒု၊တ)
မြန်မာ့သမိုင်း ( ဒေါက်တာကျော်သက်)
http://en.wikipedia.org/wiki/List_of_Kings_of_Thailand
http://en.wikipedia.org/wiki/Naresuan
http://en.wikipedia.org/wiki/Mahinthara_Thirat
http://en.wikipedia.org/wiki/Maha_Thammaracha_Thirat
http://en.wikipedia.org/wiki/Phra_Maha_Chakkraphat
ထင်ရာမြင်ရာ သတင်းနဲ့ ခေတ်ပေါ် အတင်းများ

Advertisements

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: