မောင်ဂုရု သရော်သည်။

December 10, 2009

စဉ်းစားကြည့်ဗျာ… (၂)

Filed under: Uncategorized — gurugyi @ 3:11 pm

မောင်ဂုရုက Information technology မှာ နလပိန်းတုံးပါ။ တကယ်ကို သုံးတတ်ယုံပဲ ရှိပါတယ်။ IT သင်ပုန်းကြီးတောင် မတောက်တစ်ခေါက်လောက်ပဲ တတ်တဲ့ သူပါ။ ဟိုစပ်စပ် ဒီစပ်စပ် ကလွဲလို့ ကျန်တာလာမပြောနဲ့ နွား ပလာတာ ကျွေးတာကမှ စမြုံ့ပြန်တတ်ဦးမယ်။ မောင်ဂုရုကတော့ ဝေလာဝေး။
အဲဒီလို အခြေခံများနဲ့ မောင်ဂုရု ကတော့ မြန်မာလို ကွန်ပျူတာပေါ် ရိုက်လို့ ရပီဆိုတော့ “ဝေး.. ဟေးဟေး… ” ပျော်တာပေါ့နော်။ ဘယ်လိုပြောရမလဲ။ တားတား ပျော်တယ်။ ပေါ့နော်..။ မြဝတီက ကောင်မလေးတွေက ရင်ထဲမှာ ဘယ်လိုနေလဲ လို့ လာမေးရင် လည်း အဲဒီ အချိန်တုန်းက (အဲဒီအချိန်တုန်းက) ဟိုလေ.. ဘယ်လိုပြောရမလဲ… ပျော်တယ်…. မပြောပြတတ်ဘူး.. ဘာညာဆိုပီး.. ခပ်တည်တည်နဲ့ ကို ညှောင့်ရလောက်အောင်ကို ပျော်တာ။
သို့သော်လည်း.. သို့သော်လည်းပေါ့လေ…။ သမိုင်းတွေက ဆုံးဖြတ်ထားတဲ့ ဒါဗမာဆိုတဲ့ အဆုံးအဖြတ်က ရှိပီးသားဆိုတော့လည်း။
လာပါပီ…။ ရေးထုံးဘယ်လိုရှိရှိ။ ရိုက်ထုံးအမျိုးမျိုးနဲ့၊ သုံးစွဲသူ ကို စိတ်ညစ်ညူးအောင် အမျိုးမျိုးသော လက်ကွက်ပုံစံများနဲ့.. ငါတစ်ကောကောနေလိုက်ကြတာ…. ယူတတ်ရင် တစ်ထိုင်တည်းနဲ့ တရားပေါက်လောက်တယ်။
ဟောဗျာ… ဇော်ဂျီတဲ့…

ဟော နောက်တစ်မျိုး…မြန်မာ၃ တဲ့…

ဟော နောက်တစ်မျိုး… MyMyanmar တဲ့…

ကျန်သေးတယ်။ မြစေတီတဲ့… ပိတောက်တဲ့.. ဝင်းမြန်မာတဲ့… တူတာ မတူတာ လာမပြောနဲ့… သေချာတာကတော့.. တစ်ယောက်ချင်းကြားထဲမှာ နည်းနည်းတော့ ကွဲတယ်။ ထပ်ပြောရရင်…. version တစ်ခုနဲ့ တစ်ခုကြားတောင် မတူတာတွေရှိတယ်။

မောင်ဂုရု စဉ်းစားမိတာက ဒီလူတွေ သုံးစွဲသူတွေကို ပညာရှိနှိပ်စက်နည်းနဲ့များ နှိပ်စက်နေတာလားလို့ပါ။ တော်ကြာဒီလိုရိုက်ပါ ပြောလိုက်… နောက် ခဏကြာတော့ ဟာ ဒီလို မရိုက်နဲ့ မကောင်းဘူး။ ဒီလိုရိုက်ဆိုပီး တမင်တကာ အဆင်မပြေအောင်လို့များ ညှိပီး တစ်လွဲတွေချည်း လျှောက်လုပ်နေတာလား စဉ်းစားစရာတွေဖြစ်လာတယ်။ ဒီလောက်တောင်ပဲ ငါတစ်ကောကောနေကြတာလား။

မြန်မာယူနီကုဒ် (Myanmar1, Myanmar1.1, Myanmar2.0, Myanmar2.1, Myanmar 3.0 , Myanmar4.0, future Myanmar5.0) ဆိုတဲ့ လက်ကွက် က တရားဝင် အစိုးရက ရုံးသုံးသတ်မှတ်ထားတဲ့ လက်ကွက်တဲ့။ သိချင်ရင် ဒီနေရာမှာ ဖတ်ကြည့်ဗျာ… သူကလည်း တစ်မျိုးပီး တစ်မျိုးပြောင်းနေတာပဲ… ရှေ့လက်ကွက်နဲ့ နောက်လက်ကွက် ခုတစ်မျိုးတော်ကြာတစ်မျိုး…။
ဇော်ဂျီတဲ့… သူကလည်း version တစ်ခုထွက်တာနဲ့ တစ်မျိုးဖြစ်တာပဲ… မယုံဘူးလား ဒီနေရာမှာ ဆွဲကြည့်…
နောက်ဟာတွေတော့ မပြောတော့ဘူး။…
ဘာတွေလဲဗျာ… ဒီလောက်လေးတောင် မညီညွတ်တော့ဘူးလား။ ကိုယ့်ကိုယ်ကို သိပ်ဟုတ်လှပီထင်နေတာလား။ လူရာသိပ်ဝင်ချင်နေကြတာလား။
မောင်ဂုရု အားလုံးကို အဖေ ခေါ်ပါတယ်။ အဖေတို့ရေ…။ သိပ်လက်စွမ်းတွေ ထောင်မနေကြပါနဲ့။ သားတို့လည်း ဘယ်လိုက်ရမှန်းမသိတော့ဘူး။ လက်ကွက်တွေလည်း ကျင့်ရလွန်းလို့ ညညဆို မိန်းမက အနားကပ်မခံတော့ဘူး။ ရှင့်လက်က တစ်တောက်တောက်နဲ့ ကျွန်မကို လာခေါက်နေတယ်ဆိုပီးတော့..။
ဘယ်နဲ့ဗျာ… ရေးထုံးတစ်မျိုးတည်း… စာတစ်မျိုးတည်း ရှိတဲ့ ဗမာစာလက်ကွက် က ၂၀၀၄ ကတည်းက နေခုထိ ၅ နှစ် ရှိပီ…။ ပုံပြင်တွေပြောလို့ ကောင်းတုန်း…။
ဟိုမှာ… စိနတွေတောင် လက်ကွက်၂ခုနဲ့ စတိုင်ကျလို့.. အေးဆေး…။
တောင်းပန်တယ်ဗျာ။တစ်လောကလုံး ဗြောင်းဆန်နေတာပဲ။ တစ်ကယ်ကျင့်ခဲ့ပါတယ်ဆိုတာတောင်… သူရို့က မယုံချင်ဘူး။ ဘယ်တော့များမှ လက်ကွက် အသစ်ကျင့်ရတဲ့ ဝတ် ( အဲ.. နောက်ဆုံးပေါ်ဇော်ဂျီမှာ ဝတ် ကို အမှန်အတိုင်းမရိုက်တတ်သေးလို့ပါ။) က လွတ်ရမှာလဲဟင်…။
Reference:
ညွှန်းချင်စိတ်တောင် မရှိတော့ဘူး…။

Advertisements

4 Comments »

  1. ဝဋ် နားက “ဋ” ကို shift ကီးနဲ့ ၃ ကို တွဲနှိပ်လိုက်ရင် ရဒယ် ကိုကို…။
    ဒီနားမှာ ဇော်ဂျီရိုက်နည်းတွေ မတောက်တစ်ခေါက် ရေးထားတာ ရှိတယ် သွားဖတ်ချည် ကိုကို့…။ 😛

    http://heartstations.blogspot.com/2008/07/blog-post_09.html

    Comment by Boyz — September 16, 2010 @ 7:48 pm | Reply

  2. ရေးလို့ရရင်ပြီးရော..ပေါ့။

    Comment by kom — September 16, 2010 @ 8:37 pm | Reply

    • ကိုကိုဘွတ်ဇ်ရေ.. installer တွေ ပေါင်းစုံနေလို့ပါနော… ဆိုလိုတာက ပြဿနာလေ.. ALT+CTRL ကတစ်မျိုး.. “`”+ က တစ်မျိုးလေ…

      ရေးလို့ရရင်တော့ ပြီးပါတယ် ခင်ဦးလေးရယ်… ဒါပေမယ့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနေတော့… အလုပ်လုပ်ရတာ အဆင်မပြေဘူးပေါ့

      Comment by gurugyi — September 17, 2010 @ 10:20 am | Reply

      • ကိုguru…iPhone သို့iPad နဲ့ပြောင်းရိုက်ရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ jailbreak ပြီးဇော်ဂျီတော့ install လုပ်ဖို့လိုပါတယ်။ လက်ကွက်ရိုက်နည်း တွေcomplicated ဖြစ်လွန်းလို့ အရင်ကမြန်မာလို မရိုက်ဖူးဘူး။ အခုတော့အေးဆေးပဲ

        Comment by ST — May 25, 2011 @ 12:56 pm


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: