မောင်ဂုရု သရော်သည်။

January 18, 2010

ခြစားနေတဲ့.. အိမ်… (Management & Leadership ကကြီးခကွေး.) (၁)

Filed under: Uncategorized — gurugyi @ 4:47 pm

(ဒီအကြောင်းအရာလေးက management and leadership အကြောင်းဆွေးနွေးတုန်းက မောင်ဂုရု တရားဝင် စာတမ်းတင်ပြီး ဆွေးနွေးထားတဲ့အကြောင်းအရာလေးပါ။ )
မောင်ဂုရုတို့ တောက အိမ်က တိုက်ခံအိမ်အမျိုးအစား၊ မော်လမြိုင်အိမ်ပုံစံပေါ့။ အောက်ဖက်က အုတ်ညှပ်တိုက်.. အပေါ်ရောက်တော့မှ သစ်သားတွေနဲ့ပါ။ ရှေ့မှာ ဝရန်တာနဲ့ ဘေးကနေ လှေကားနဲ့ အပေါ်တက်ရတာပေါ့။ မောင်ဂုရုတို့က အပေါ်မှာ လူနေပါတယ်။ အောက်ထပ်မှာတော့ ဟိုဟာထား၊ဒီဟာထား၊ ထားစရာမရှိရင် ပြောင်သလင်းခါနေတာပေါ့။ အိမ်ကြီးကတော့ တော်တော်ဟောင်းနေပါပြီ။ ဒါပေမယ့် တိုင်တွေက ပျဉ်းကတိုးတိုင်တွေဗျ။ တိုင်လုံးကြီးတွေ။ ဒီဘက်ခေတ်မှာတော့ ဘယ်လိုမှ ဆောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီအိမ်ကြီးကလည်း မောင်ဂုရု တို့ ဘိုးဘွားတွေလက်ထက်က ဆောက်ခဲ့တာပါ။ သူတို့ လွန်တော့ မောင်ဂုရုအဖေအမေများက အမွေရတာပေါ့။ မောင်ဂုရုတို့ အဖေအမေများ ရိုးရိုးလခစားလေးတွေ ကျောင်းသား ၃ ယောက် ကျောင်းထားနေရတာ။ ဘယ်ဆောက်နိုင်မတုံး။ ဒါမျိုးအိမ်ကို။( ဒါက background situation and rationale ပေါ့။ နောက်တစ်မျိုး situational analysis ပေါ့။) ဒီအိမ်ကြီးမှာက ဘာကောင်းလည်းဆိုတော့ ကျယ်တယ်ဗျ။ အိမ်ရှေ့ကနေ အိမ်နောက်ထိ အကျယ်ကြီးပဲ။ မောင်ဂုရုတို့က အပေါ်ထပ်မှာပဲနေတာတောင် တစ်ယောက်တစ်ခန်းနေနိုင်တဲ့ အပြင် အခန်း လွတ်တွေ ရှိသေးတယ်။ အိမ်မကြီး အလယ်မှာက အဖေ ကျူရှင်သင်သေးတယ်။ အောက်ထပ်က တော့ အလွတ်ပဲ။ (strength and opportunity analysis လေးပါ။) မကောင်းတာက တံခါးပေါက်တွေများတယ်။ လူကလည်းနည်းတော့ အဲဒီတံခါးပိတ်ဖို့ကို တစ်ယောက်နဲ့ တစ်ယောက် တွက်ကပ်နေကြတာပဲ။ ၁၉၉၀ နောက်ပိုင်းကျတော့ ဆေးသုတ်ရတာတစ်ခုပိုလာတယ်။ အိမ်ကကြီးတော့ ဆေးတစ်ခါတစ်ခါ သုတ်ရတာ သိပ်မလွယ်လှဘူး။ ဟိုးတုန်းကတော့ ရေနံချေးလေးဘာလေးသုတ်လိုက်တာပေါ့။ နောက်ပိုင်းကျတော့ တော်ကြာ အနီရောင်သုတ်ခိုင်းလိုက်၊ တော်ကြာ အစိမ်းရောင်သုတ်ခိုင်းလိုက်နဲ့ ခဏခဏ ပြောင်းခိုင်းတော့ တော်တော်လေးခွကျပါတယ်။(ဒါကတော့ weakness ပေါ့။) ညအိပ်တော့မယ်ဆိုရင် တံခါးလိုက်ပိတ်ရတာက အလုပ်တစ်ခု။ ကြောက်နေရတာက မီးရေးထင်းရေးရယ်၊ သူခိုးရယ်ပဲ။ အပေါ်က သစ်သားတွေဆိုတော့ မီးရေးထင်းရေးက တော်တော်စိုးရိမ်ရပါတယ်။ (ဒါလေးက threat analysis ပေါ့။)
ဒါပေမယ့်ဗျာ.. သိတယ်မဟုတ်လား။ ကိုယ့်အိမ်ဆိုတော့ ခေတ်ဆန်စေချင်တယ်။ သာသာယာယာ ဖြစ်စေချင်တယ်။ သူများတွေကြည့်လိုက်ရင် ခမ်းနားစေချင်တာပေါ့ဗျာ။ (ဒါက ဖြစ်ချင်တာ what should be ပေါ့ဗျာ။) တကယ်တန်းကျတော့ တော်တော်လေးကြာမှ သိလာရတာက ခြတွေတက်နေတာဗျ။ အရင် ရေနံချေးပဲသုတ်တုန်းကတော့ မသိဘူး။ နောက်ပိုင်း ဟိုအရောင်မှ ဒီအရောင်မှ ဖြစ်လာတော့မှ ခြတွေက ကောင်းကောင်း လိုက်လာတာ။ (ဘာ ဖြစ်နေတယ်ဆိုတဲ့ what is ပါ။) အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ပြသနာစတက်တော့တာပဲ။ ( problem is the gap between what is and what should be)။ ခြက အောက်ခြေမှာ ကျတော့ မြင်သာတယ်ဗျ။ အုတ်နံရံဆိုတော့ လမ်းကြောင်းလေးတွေ မြင်နေရတာကိုး။ အပေါ်လည်းရောက်ရော သစ်သားတွေထဲဝင်သွားပြီး အတွင်းက လှိုက်စားတော့တာပဲ။ ဘယ်လောက်ခြကိုက်နေပြီလဲဆိုတာ အမြင်လေးနဲ့တော့ လုံးဝ မသိဘူးဗျ။ လိုက်ခေါက် ကြည့်မှသိတာကိုး။ ဆင့်တန်းတွေထိ တက်ပြီး ခေါက်ကြည့်ဖို့ဆိုတာကလည်း မလွယ်လှဘူးဗျ။ ( နောက်ထပ် ပြသနာကို ထပ်ပြီး problem situational analysis and problem SWOT analysis ထပ်လုပ်ထားတာပါ။ ) အဲ.. ဒါပေမယ့်။ သူ့အပေါ်ကမျှားတန်း က ပိပြီး ချိုင့်သွားရင်တော့ တက်မခေါက်ကြည့်ပဲလည်း ခြတက်နေပြီဆိုတာ သိရတာကိုး။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။
အဲဒီလိုတွေ ဖြစ်လာတဲ့အခါကျတော့.. တံခါးပိတ်တွက်ကပ်တာရယ်၊ မီးရေးထင်းရေးရယ်၊ သူခိုးကပ်မှာစိုးရိမ်ရတာရယ်၊ ခြစားတာရယ်၊ ပြသနာ ပေါင်းစုံကို ဘယ်ဟာ အရင် ဖြေရှင်းရမလဲဆိုတာ ဆုံးဖြတ်ကျတာပေါ့ဗျာ။ (problem prioritization လုပ်လိုက်တာပါ။ FINER method တို့ subjective and objective method တို့ကတော့ ရိုက်ရတာ လက်ညောင်းလို့ မထည့်တော့ပါဘူး။) နောက်ဆုံးကျတော့ ခြက အရေးအကြီးအဆုံး ဖြစ်လာတာပေါ့။ ဒါနဲ့ တစ်ခါထပ်ပြီးတော့ ခြဘယ်လိုတက်တယ်။ ဘယ်ကနေတက်တယ်။ ခြလမ်းကြောင်း ဘယ်လိုရှိတယ်။ အကုန်ပေါ့ဗျာ။ ခြနဲ့ ပါတ်သက်တာ အကုန် ကြည့်ရတာပေါ့။ အဲဒီမှာ တွေ့လာတာက ခြက အောက်ထပ်မှာ သိသာတယ်ဗျ။ မြင်သာတယ်။ ရှင်းရတာလည်း လွယ်တယ်။ လမ်းကြောင်းလေး ပွတ်ချေပြီး ဒီဇယ်လောင်းလိုက်ရင် ပြတ်တာပဲ။ နေပေရော့ အဲဒီလမ်းကြောင်းကတော့ နောက် ၂ လ ၃ လ ပြန်မတက်တော့ဘူး။ ခြကလည်း အောက်ထပ်မှာ ကျတော့ လောက်လောက်လားလား စားလောက်စရာမရှိဘူးလေ။ တိုက်ခံအိမ်ကိုး။ သူက အပေါ်တက်ဖို့ လမ်းကြောင်းရှာတာသက်သက်ပဲဟာ။ တစ်ခုပဲ။ ဒီလမ်းကြောင်းဖျက်လိုက်ရင် နောက်လမ်းကြောင်း ရှာပြီးတက်ပြန်တာပဲ။ ဒါပေမယ့် စောစောကအတိုင်းပဲ ရှင်းလိုက်ပြန်ရင် နေပေရော့ ၂ လ ၃ လ။ ခက်တာက အပေါ်ထပ်မှာပဲ။ သစ်သားပေါ် ရောက်တာနဲ့ ခြက မမြင်ရတော့ဘူး။ အတွင်းထဲ ဝင်သွားလိုက်တာ ဘယ်လို လမ်းကြောင်းက သွားမှန်းကို မသိတော့တာပဲ။ အမြင်နဲ့တင် ပြောလို့ မရတော့ဘူး။ လိုက်ခေါက်ကြည့်ရတယ်။ လှိုဏ်သံပါရင် ခြစားနေပြီ။ လှိုဏ်သံမပါရင် ခြမစားသေးဘူးပေါ့။ ဒါပေမယ့် တကယ်တန်း အပေါ်တက်ပြီး လိုက်ခေါက်နေတော့လည်း အဆင်မပြေဘူးဗျ။
စိတ်ထဲမှာ မသေချာဘူးပေါ့။ ရမ်းသန်းပြီး ပြောနေရသလိုပဲ။ သေချာပေါက် ကျွမ်းကျင်တဲ့သူရဲ့ သုံးသပ်ချက်လိုတာပါ။ ဒီတော့ လမ်းထိပ်က လက်သမားဆရာကို ခေါ်ပြီး ဘယ်တန်းတွေ ဘယ်ဆင့်တွေ ဘယ်ယောက်တန်းတွေ ဘယ်မျှားတန်းတွေ ခြစားနေသလဲ ဆိုတာ ပြရတယ်။ သူက တော့ တန်းပြောတာပဲ။ အမြင်လေးနဲ့ တင် ဟိုတန်း ဒီတန်းပေါ့ဗျာ။ ယုံစရာတောင်မရှိဘူး။ အမြင်လေးနဲ့ ပြောတာ။ ဘယ်လက်ခံမလဲ။ မောင်ဂုရုတို့ အဖေက နောက်တစ်ယောက် ထပ်ခေါ်ဆိုခိုင်းတာပဲ။ နောက်တစ်ယောက်လာလဲ။ ဒီလိုပဲ။ ကြည့်ယုံပဲ ကြည့်ပြီးပြောတာပဲ။ ပထမလူပြောသွားတာတွေပါပဲ။ ဒါနဲ့ နောက်ဆုံးတော့ ကိုယ်တိုင်တက်ပြီးခေါက်ကြည့်။ ဟုတ်တယ်ဗျာ။ သူတို့ ပြောတာတွေ အကုန် ကွက်တိ။ (Problem situational analysis and problem identification နဲ့ use of out-source person ပေါ့ဗျာ။ trust management တို့ policy adjustment တို့ လည်း ပါသေးတာပေါ့။ )
ဆက်ရန်………..

Advertisements

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: