မောင်ဂုရု သရော်သည်။

November 23, 2009

ဖြတ်စာ

Filed under: satire — gurugyi @ 5:50 am
Tags: , , , ,

သို့

ဟဲ့.. ဒီမှာ.. ဒါမှီ… နယ်ပြန် ပြီး နံပြေ ဘုရားမှာ ထမင်းနယ် နဲ့ နင့်နံမည် သဓ္ဒါမှီ လို့ ပြောင်းတာကို ငါ ဒါမှီလို့ ခေါ်သည်။ အလံကုန်ထူထားတဲ့ နင်တို့လို လူကုံထံတွေရဲ့ မာနကို ငါ ခဝါ မချနိုင်ပါဘူး။ ဒါပေမယ့် နင်တို့လို လူယဉ်ကျေးတွေရဲ့ လေးကြောင်းမျဉ်းမှာ လောင်းကြေးက လင်ယူကြေးများ ဖြစ်နေသလားဟာ။

ငါကျပ် နေတာမဟုတ်ဘူး။ မကျေနပ်နေတာ။ အိတ်ကျန်ခဲ့လို့ အံကြိတ်နေတာမဟုတ်ဘူး။ အသာနည်းလို့ အသဲနာနေတာလည်း မဟုတ်ဘူး။ နင် က အကျဖက်ကဆိုတော့ ကြက်ဖလို ပြောရရင် ” မင်း ရှိုးချင်သလိုရှိုး.. ပီးရင် သုတ်တော့ ဒိုး ” လို့ ပြောလိုက်ယုံပေါ့။ ဒါပေမယ့် နင့်ကို သုတ်တော့ ဒိုးခိုင်းတော့ ငါ့မှာလည်း သိုးတော့ … အဲ.. လူပျိုသိုး ဖြစ်ကျန်ခဲ့တာပေါ့လေ။

နင် မမိုက်ဘူး။ မမူးဗိုက်ကြီးတာ ရည်းစားကို ယားတိုင်းစီးလို့ဆိုတာ နင်သိရဲ့သားနဲ့ဟာ။ နင် အသည်းစားဘီလူးမ။ အသားပဲ ဆွဲတတ်တဲ့ ဗလမူးတုန်းက နင်ဘာလို့သူ့အိမ်သွားလည်း။ အဲတော့ သူက နင့်ကို သူ့ရည်းစားဆိုပီး… ဆိုပီး… ထားလိုက်ပါတော့။

နင်အပိုင်ခုထင်ပီး ဖင်ခုထိုင်ထားတာတွေက တစ်ချိန်ကြရင်တော့ လက်လွှတ်လိုက်ရလိမ့်မယ်။ အဲဒီတော့မှ နတောင်းဟောက်ပက်နဲ့ နောင်တရမနေနဲ့။ နင်နဲ့ငါနဲ့ကတော့ ပြတ်ပြီ။

စာကြွင်း။   ။ ဖေါင့်သည်းခံဖတ်ပါ။

နင့်ရဲ့ တစ်ချိန်က

စုံထောက်

(မောင်မောင် ဇော်လတ်၏ သင်္ကြန်သီချင်းတစ်ပုဒ်ကို မှီငြမ်းသည်။)

Advertisements